
နယူးဇီလန်နှင့် သြစတြေးလျ ခေါင်းဆောင်များသည် ကုန်သွယ်မှု ပိုမိုဖြေလျှော့ရန်နှင့် စီးပွားရေး ဆက်ဆံမှုအားကောင်းစေရန် ရည်ရွယ်၍ ၎င်းတို့၏ အမျိုးသား စံနှုန်းအေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှုကို သြဂုတ်လ ၁၀ ရက်နေ့တွင် ကြေညာခဲ့သည်။ နယူးဇီလန် ဝန်ကြီးချုပ် Christopher Luxon သည် သြစတြေးလျဝန်ကြီးချုပ် Anthony Albanese ၏ နှစ်ပတ်လည်ခေါင်းဆောင်များ အစည်းအဝေးကို နယူးဇီလန်နိုင်ငံ Queenstown တွင် လက်ခံ ကျင်းပခဲ့သည်။ နယူးဇီလန်အစိုးရ၏ ထုတ်ပြန်ချက်အရ အဆိုပါ သဘောတူညီချက်သည် ထုတ်ကုန်နှင့် ဝန်ဆောင်မှုစံနှုန်းများကို ညီညွတ်စေရန်၊ Tasman တစ်လျှောက် ကုန်သွယ်မှုကို ချောမွေ့စေရန်၊ စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်များကို လျှော့ချရန်နှင့် နှစ်နိုင်ငံစလုံးတွင် စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးရန် ရည်ရွယ်ထားသည်။ "နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံတွေမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်ရမယ့် အခွင့်အလမ်းတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်" ဟု New Zealand ၏ "Ging for Growth" အစီအစဉ်နှင့် သြစတြေးလျ၏ ကုန်ထုတ်စွမ်းအားဆိုင်ရာ ဦးစားပေးများအကြား ပေါင်းစပ်လုပ်ဆောင်မှုကို သတိပြုမိကြောင်း Luxon က ပြောကြားခဲ့သည်။ Queenstown အစည်းအဝေးသည် စက်တင်ဘာလတွင် သြစတြေးလျနိုင်ငံ မြို့တော်ကင်ဘာရာတွင် သြစတြေးလျ-နယူးဇီလန် ခေါင်းဆောင်မှုဖိုရမ် အပါအဝင် အဆင့်မြင့် Trans-Tasman စီးပွားရေးဆိုင်ရာ အစည်းအဝေးများ ဆက်တိုက်ကျင်းပခြင်း၏ အစဖြစ်သည်။ ယင်းကို ယခုနှစ်နှောင်းပိုင်းတွင် ရာသီဥတုနှင့် ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးနှင့် ပိုမိုနီးကပ်သော စီးပွားရေးဆက်ဆံရေး ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)