
တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျ၊ ဂျပန်နှင့် ဟောင်ကောင်သို့ ဆန်တင်ပို့မှုတိုးမြှင့်ရန် အစီအစဉ်ကို ထိုင်းကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။ ကုန်သွယ်ရေးဝန်ကြီး Jatuporn Buruspat က ဝန်ကြီးဌာနသည် ယခုနှစ်နှောင်းပိုင်းတွင် ဆန်တင်ပို့မှု လားအလာကို ဆွေးနွေးရန် ထိုင်းဆန်တင်ပို့သူများအသင်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ အစိုးရနှင့်အစိုးရသဘောတူညီချက်အရ လက်ကျန်ဆန်တန်ချိန် ၂၈၀,၀၀၀ တင်ပို့မှုကို အရှိန်မြှင့်ရန် နိုင်ငံခြားကုန်သွယ်မှုဌာန (DFT) ကို တရုတ်အရာရှိများနှင့် ထိတွေ့ဆက်ဆံရန် ညွှန်ကြားထားကြောင်း ၎င်းကပြောကြားခဲ့သည်။ ဝန်ကြီးဌာနသည် ထိုင်းစံပယ် ဆန်ဈေးကွက် ကြီးထွားလာနေသည့် ဟောင်ကောင်နှင့်အတူ ဆန်ဖြူနှင့် ပြုတ်ဆန်များကို အရေးပါသော ဝယ်ယူသူများဖြစ်သည့် ဂျပန်၊ ဆော်ဒီအာရေးဗီးယားနှင့် ဘင်္ဂလားဒေ့ရှ်တို့ကဲ့ သို့ အဓိကစျေးကွက်များတွင် အရောင်းမြှင့်တင်ရန် အာရုံစိုက်လျက်ရှိသည်။ ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ယခုနှစ်သည် ကမ္ဘာ့ဆန်ဝယ်လိုအား ကျဆင်းမှုကြောင့် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယမန်နှစ်က ဆန်တန်ချိန် ၄ သန်း တင်သွင်းခဲ့သည့် အင်ဒိုနီးရှားသည် ယခုနှစ်တွင် ဆန်အနည်းငယ်သာ ဝယ်ယူမည်ဟု ခန့်မှန်းထားသည်။ တစ်ချိန်တည်းတွင် ဆန်ဈေးသည် တစ်ကီလိုလျှင် ၁၉ ဘတ်မှ ၂၀ ဘတ်အထိ ကျဆင်းခဲ့သည်။ ထိုင်းနိုင်ငံသည် ယခုနှစ်ပထမ နှစ်ဝက်တွင် ဘတ် ၇၅.၆ ဘီလီယံတန်ဖိုးရှိ ဆန်တန်ချိန် ၃.၇၃ သန်း တင်ပို့ခဲ့ပြီး ပမာဏအားဖြင့် ၂၇.၃ ရာခိုင်နှုန်းနှင့် တန်ဖိုး ၃၆.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယခုနှစ်အတွင်း ဆန်တန်ချိန် ၇.၅ သန်း တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း DFT မှ သိရသည်။
Source: Xinhua
DOCA (ရန်ကုန်)