ပြည့်စုံဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၁၄.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် အမှတ်(၆၂)၊ (၄)ရပ်ကွက်ရှိ ပြည့်စုံဆန် ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပိုင်ရှင်ဦးနေလင်းစိုးမှ မိမိဆိုင်တွင် ရောင်းချနေသောဆန်များမှာ ဆင်းသွယ်၊ တောင်ပျံ၊ ဧည့်မထ၊ ဇီယာ၊ ပေါ်ဆန်း၊ ရက်(၉၀)၊ ကျားပျံ၊ ပေါ်ဆန်းမွှေးတို့ကို တစ်လ တစ်ကြိမ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပါကြောင်း၊ မိမိတို့ဈေးတွင် လက်လုပ်လပ်စားများသောကြောင့် ဆန်ကို အိတ်ဆွဲအဝယ်နည်းပြီး ပြည်လိုက်ကိုသာ ပိုအရောင်းသွက်ပါကြောင်း၊ MyRo လည်း မှတ်ပုံတင်ထားပါကြောင်း၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပါကြောင်း၊ မိမိတို့ဌာနမှလည်း ဆိုင်ရှင်များအနေဖြင့် ဆန်များဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများရှိခဲ့လျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)