တိုက်ကြီးမြို့နယ်၊ မြို့မဈေးရှိ ဦးကျော်ထွေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၁၄.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် မြို့မဈေးရှိ ဦးကျော်ထွေးစားအုန်းဆီလက်လီ အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးတာဝန်ခံပူးပေါင်းပါဝင်လျက် ဈေးအတွင်းရှိ လက်လီအရောင်း ကိုယ်စားလှယ်ဖြစ်သော ဦးကျော်ထွေးက မိမိသည် အောင်ဦးသာကုမ္ပဏီမှ ရရှိသောခွဲတမ်းအား စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့်ပေးပါကြောင်း၊ နေ့စဉ် အပိုင်းအလိုက်ခွဲထားပါကြောင်း၊ ပုံမှန်အားဖြင့် နေ့စဉ်နံနက်(၉)နာရီမှ (၄)နာရီထိ ရောင်းပေးပါကြောင်း၊ ထုတ်ရန်ကျန်သောစာအုပ်များကို နောက်တစ်နေ့တွင် ပြန်လည်ထုတ်ပေးပါကြောင်း၊ ရောင်းချမှုလက်ခံဘောင်ချာများလည်း ထားရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)