
၁၂.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အလုံမြို့နယ် အ.မ.က(၁၁) မူလတန်းကျောင်းသို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်သဉ္ဇာဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမော်နှင့် ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၁၅၀) တို့အား စားသုံးသူကာကွယ်ရေးဥပဒေ စတင်အာဏာတည်သည့်နေ့နှင့် စားသုံးသူအဓိပ္ပါယ်၊ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား ရွေးချယ်စားသောက်ရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များအား စားသုံးရန်၊ ဆေးဝါးများသုံးစွဲရာတွင် ဆရာဝန်ညွှန် ကြားချက်ရှိသော ဆေးများကိုသာဝယ်ယူသောက်သုံးရန်၊ မသန့်ရှင်းမလတ်ဆတ်သော အစားအစာများအား စားသောက်မိပါက ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားတက်ကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)