
၁၂.၈.၂၀၂၅ ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ Home Made & Home Brake နှင့် ရွှေမြို့တော် မုန့်တိုက်တို့တွင် ရောင်းချနေသော စားသောက်ကုန်များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ကြည့်မြင်တိုင်မြို့နယ် စည်ပင်သာယာရေးမှ ရပ်ကွက်တာဝန်ခံများဖြစ်သော ဒေါ်မျိုးကျော့သွယ် (အကြီးတန်းစာရေး)၊ ဒေါ်စုစုသင်း(အငယ်တန်းစာရေး) နှင့် အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်ခိုင်သဉ္ဗာဦး(ဦးစီးမှူး)၊ ဒေါ်မြတ်မွန်(ဒု-ကြီးကြပ်ရေးမှူး)၊ ဒေါ်ကျော့ကေခိုင်ညွန့် (ရုံးအကူ မှူး) တို့ပူးပေါင်း၍ စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ၆/၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ၎င်းမု့န်တိုက်များအား သွားရောက်စစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုမရှိခြင်းကြောင့် ယခုတစ်ဖန် ၈/၂၀၂၅ ရက်နေ့တွင် ထပ်မံသွားရောက်စစ်ဆေးခဲ့ရာ ယင်းတို့၏ မုန့်တိုက်များတွင် ရောင်းချနေသောမုန့်မျိုးစုံတို့တွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်လာကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)