
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့ သည် (၁၃.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၁၃)၊ (၁-ခ)၊ ၃၉၉(က)၊ အောက် မင်္ဂလာဒုံလမ်း၊ အင်းစိန်မြို့နယ်ရှိ City Mart (ဖော့ကန်)၌ စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးဆီအမှတ်တံဆိပ်မျိုးစုံ၊ မြေပဲဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားများ ပါရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး သက်ဆိုင်ရာဌာနများက ညွှန်ကြားချက်များကိုလည်း လိုက်နာစေရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)