စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          (၁၃.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုနှင့် တိုက်ကြီးမြို့မဈေးတာဝန်ခံတို့ ပူးပေါင်း၍ တိုက်ကြီးမြို့မဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုးအရောင်းဆိုင်များသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးရောင်းချလျက်ရှိသော ရွှေအုံ၊ ဧရာဝတီ၊ ငွေသဇင်မင်း၊ အမေထွား၊ Meizan၊ Goody အမျိုးမျိုးတို့တွင် သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့်ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် မဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏစသည်တို့အား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)