ပြည်ပသို့ ပို့ကုန်တင်ပို့မှုများအား ကွင်းဆင်းစာရင်းကောက်ယူခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် (၁၁.၈.၂၀၂၅) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် အမှတ် (၃၄၀) ၊ ဗေဒါလမ်း၊ ပုလဲ (၂) ၊ မင်္ဂလာဒုံမြို့နယ်ရှိ Organic Green Tea Co.,Ltd သို့ ပြည်ပသို့ တင်သွင်းသည့် ပို့ကုန်အမယ် စာရင်းများနှင့်ပတ်သက်၍ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စာရင်းကောက်ယူခဲ့ရာတွင် Organic Green Tea Co.,Ltd ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဒေါ်နေခြည်မြတ်ထွန်းက မိမိတို့ကုမ္ပဏီမှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် ပြည်ပသို့ပို့ကုန် ဖြစ်သည့် လက်ဖက်ခြောက်၊ လက်ဖက်၊ လက်ဖက်အကြော်နှင့်ဂျင်းတို့ကို၏ တစ်နှစ်ထုတ်လုပ် သည့်ပမာဏ၊ လုပ်ငန်းအမည်၊ တန်ချိန်၊ တန်ဖိုးတို့အား တွက်ချက်၍ Export တင်ပို့သည့် နိုင်ငံများမှာ ဂျာမဏီနှင့် ယူကေနိုင်ငံတို့ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ ကိုယ်တိုင်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)