
တောင်ကိုရီးယားနိုင်ငံ၏ သတင်းအချက်အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ထုတ်လုပ်မှုသည် အားကောင်းသော Semiconductor ဝယ်လိုအားကြောင့် ဇူလိုင်လတွင် ခြောက်ကြိမ်မြောက် ဆက်တိုက်မြင့်တက်ခဲ့ကြောင်း အစိုးရသတင်းအချက်အလက်များအရ သိရပါသည်။
ICT ထုတ်ကုန်များ တင်ပို့မှုသည် ယခင်နှစ်ကထက် ၁၄ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဇူလိုင်လ တွင် အမေရိကန်ဒေါ်လာ ၂၂.၁၉ ဘီလီယံ ရရှိခဲ့ပါသည်။မြင့်တက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ ကြောင်း ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ချစ်ပ်တင်ပို့မှုသည် တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်သည့် generative AI ချစ်ပ်တပ်ဆင်မှုတွင် အသုံးပြုသည့် double data rate 5 နှင့် bandwidth memory တို့ ဝယ်လိုအား ခိုင်မာမှုကြောင့် ၃၁.၂ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၁၄.၇၂ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။
ဖန်သားပြင်ပြသမှုသည် ၈.၉ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒေါ်လာ ၁.၇၆ ရရှိခဲ့ပါသည်။မိုဘိုင်း ဖုန်း တင်ပို့မှုသည် ၂၁.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေါ်လာ ၉၆၀ မီလီယံ ရရှိခဲ့ကြောင်း သိရပါ သည်။
ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း တင်ပို့မှုသည် ၁၇.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁.၀၉ ဘီလီယံ ရရှိခဲ့သော်လည်း ဆက်သွယ်ရေး ပစ္စည်းတင်ပို့မှုသည် ၄.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၀ မီလီယံ ရရှိခဲ့ပါသည်။
ICT ထုတ်ကုန်များ တင်သွင်းမှုသည် ဇူလိုင်လတွင် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၉.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၁၃.၃၂ ဘီလီယံ ရရှိခဲ့ပါသည်။ICT လုပ်ငန်းတွင် ကုန်သွယ်မှု ပိုငွေ ဒေါ်လာ ၈.၈၇ ဘီလီယံရရှိခဲ့ပါသည်။
ချစ်ပ်များ၊မိုဘိုင်းပစ္စည်းများနှင့် ကွန်ပျူတာများ တင်သွင်းမှု မြင့်တက်ခဲ့သော်လည်း ဖန်သားပြင်ပြသမှုနှင့် ဆက်သွယ်ရေးပစ္စည်း တင်သွင်းမှုသည် ပြီးခဲ့သည့်လက ကျဆင်းခဲ့ကြောင်း သိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)