ဟိန်းရာဇာ ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်(၃၀-၇-၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁၃) ရပ်ကွက်ရှိ ကိုယ်စားလှယ် ဒေါ်အေးအေးမော်၏ ဟိန်းရာဇာ စားအုန်းဆီအရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         ဟိန်းရာဇာ စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%) အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)