လေးမျက်နှာမြို့ပေါ်ရှိ စားသောက်ဆိုင်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာန ဝန်ထမ်းများနှင့် ပူးပေါင်း၍(၂၅.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့ပေါ် ရပ်ကွက်ရှိ စားသောက်ဆိုင်များနှင့် အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် စားသောက်ဆိုင်(၃)ဆိုင်အားစစ်ဆေးခဲ့ရာ အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ၊ ချက်ပြုတ်သည့်သူများနှင့် ဝန်ဆောင်မှုပေးသည့်သူများမှာ သန့်ရှင်းသပ်ရပ်မှုရှိကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ လုံလောက်သည့်သတင်းအချက်အလက် များ အသိပေးဖော်ပြထားခြင်း၊ စည်ပင်လိုင်စင်၊ စားသောက်ဆိုင်လိုင်စင်များလည်း ရယူဆောင်ရွက်ထား ကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ စားသုံးသူများ ကျန်းမာရေးပြဿနာများမှကာကွယ်ရန် အန္တရာယ် ကင်းသော အစားအစာရရှိစေရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်များ၊ အစားအသောက် ပြင်ဆင်ချက်ပြုတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အလေ့အကျင့်‌ကောင်းများ၊ အဖုံးပါသော အမှိုက်ပုံးများ လုံလောက်စွာထားရှိရန် မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသောက်ဆိုင် (၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)