ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၂၅.၇.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချသော အိမ်သုံးဆေးဝါး ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆေးမျိုးစုံအရောင်းဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိခြင်း၊ ဆေးဝါးများပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိကြောင်းတွေ့ရှိရပြီး၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှုခံယူထားခြင်း မရှိသည့်အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဝယ်ယူသုံးစွဲသူများအား ဈေးနှုန်းမှန်၊ အရည်အသွေးမှန်ကန်စွာဖြင့် လိုအပ်သော အိမ်သုံးဆေးဝါးများကို လိုအပ်သလို ရောင်းချပေးနေကြောင်း တွေ့ရှိရပြီး  ဆေးမျိုးစုံ အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)