အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်စက်၊ ဆန်ပွဲရုံနှင့် ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၂၅-၇-၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်လက်လီ၊ လက်ကား အရောင်းဆိုင်(၃)ဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ   မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRFမှ ၂၀၂၅ခုနှစ်၊ ဇူလိုင်လအတွက် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများ အပေါ် (၈%)ထက် ပိုမိုရောင်းချခြင်းမရှိဘဲ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်းနှင့် ဈေးကွက်အတွင်း ဆန်အမျိုးအစားအလိုက် ရောင်းချရမည့် ရည်ညွှန်းဈေးနှုန်းများနှင့် ဈေးကွက်အတွင်း အမြင့်ဆုံးရောင်းချနိုင်မည့် ဈေးနှုန်းထက်မပိုဘဲ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဖြင့်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)