
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၂၅-၇-၂၀၂၅ )ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စက်သုံးဆီရောင်းဝယ်ရေးအသင်း ဥက္ကဌ ဦးခင်သိန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အသင်းအနေဖြင့် လက်ရှိတွင် မြို့နယ်ထွေအုပ်အစည်းအဝေးခန်းမ၌ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်(၇)ဦးပါဝင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မိမိမြို့နယ်သို့ အရည်အသွေးကောင်းမွန်သော စက်သုံးဆီများအား ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း စက်သုံးဆီများ လုံလုံလောက်လောက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အဆင်ပြေချောမွေ့စွာ သယ်ယူနိုင်ရေး ဌာနဆိုင်ရာများမှလည်း ပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးခဲ့ပါသည်။
DOCA (ဧရာဝတီ)