
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စားသုံးသူများအသုံးပြုလျက်ရှိသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (၂၄.၇.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဇလွန်မြို့၊ လမ်းမတော်(မ)ရပ်ကွက်ရှိ “မြင့်မိုရ်ဦး”စားသောက်ဆိုင်နှင့် “လာဘ်မြဲသော်”စားဖွယ်စုံလုပ်ငန်းများအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် စားသောက်ဆိုင်(၂)ဆိုင်အားစစ်ဆေးခဲ့ရာ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ၊ ချက်ပြုတ်သည့်သူများနှင့် ဝန်ဆောင်မှုပေးသည့်သူများမှာ သန့်ရှင်းသပ်ရပ်မှုရှိကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့်သတင်းအချက်အလက်များ အသိပေးဖော်ပြထားခြင်း၊ စည်ပင်လိုင်စင်၊ စားသောက်ဆိုင်လိုင်စင်များလည်း ရယူဆောင်ရွက်ထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူများ ကျန်းမာရေးပြဿနာများမှ ကာကွယ်ရန် အန္တရာယ်ကင်းသော အစားအစာရရှိစေရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်များ၊ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အလေ့အကျင့်ကောင်းများ၊ အဖုံးပါသောအမှိုက်ပုံးများ လုံလောက်စွာထားရှိရန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသောက်ဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)