
ဇူလိုင်လ(၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောက်ဆည် မြို့နယ်ရှိ စက်မှုကုန်ကြမ်းလုပ်ငန်းသုံး စားအုန်းဆီများ လာရောက် လျှောက်ထားသည့် မြဘုရင် နို့ချက်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီး ဌာနမှ စစ်ဆေးအရာရှိက ပြောကြားရာတွင် စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လာရောက် လျှောက်ထားသည့် စားအုန်းဆီများအား မိမိတို့လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲရန် လိုအပ်ကြောင်း၊ ၄င်းစားအုန်းဆီမျာအား ပြင်ပသို့ ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများအပေါ်၌လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွားရေးလုပ်ငန်းရှင် များလိုက်နာရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်း ဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)