
ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ (၁၆)ရက်နေ့ ၊ နံနက်(၈း၃၀)အချိန်တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဒေါ်လာ စားသုံးဆီအရောင်းဆိုင် သို့သွားရောက်ပြီး စစ်ဆေးခဲ့ရာ စဥ့်ကိုင်မြို့နယ်ရှိ အိမ်ထောင်စုအလိုက် စားအုန်းဆီများအား စာအုပ်များဖြင့် ထုတ်ပေးလျက်ရှိရာ ဒေါ်လာဆီဆိုင်၌ သပြေရိုးကျေးရွာရှိ အိမ်ထောင်စုအလိုက် ထုတ်ပေးထားသည့် စာအုပ်အဟောင်းများစိစစ်ခြင်း နှင့် စာအုပ်အသစ်များ ထုတ်ပေးခြင်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆီဆိုင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးအတိုင်း ဗွီနိုင်းများချိတ်ဆွဲ၍ ရောင်းချခြင်းရှိ/မရှိ ၊ အလေးချိန် မှန်ကန်မှုရှိ/မရှိ နှင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်း မရှိရန်လိုအပ်ကြောင်း၊ ထိုသို့ ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
