အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အမေရိကန်ဒေါ်လာ ၁၈၄ သန်း အထောက်အပံ့ရရှိမည့် ဇမ်ဘီယာနိုင်ငံ

Powered by Drupal

   ဇမ်ဘီယာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ထံမှ အမေရိကန် ဒေါ်လာ ၁၈၄ သန်းခန့်အား ကမ္ဘာလုံးဆိုင်ရာ ငွေချေးသူမှ ပံ့ပိုးပေးသည့် Extended Credit Facility (ECF) အောက်တွင် အ‌ထောက်အပံ့ရရှိမည်ဖြစ်ကြောင်းသိရသည်။ ဇမ်ဘီယာအစိုးရသည် စီးပွားရေးစီမံကိန်းခန့်ခွဲမှုနှင့်ပက်သက်၍ တက်ကြွလျှက်ရှိကြောင်း IMF က ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။ ဇမ်ဘီယာနိုင်ငံသည် ၎င်း၏စီးပွားရေးပစ်မှတ်အများစုကို ပြည့်မှီအောင် ကောင်းမွန်စွာ လုပ်ဆောင်နေကြောင်း၊ အဓိကကဏ္ဍများတွင် ကောင်းမွန်သော ဘဏ္ဍာရေးနှင့် အသုံးစရိတ်များကို ကောင်းစွာ ပြသနိုင်ရန်လုပ်ဆောင်နေကြောင်း ကြေညာချက် တွင်ဖော်ပြထားသည်။ ကြေညာချက် အရ IMF အစီအစဉ်ဖြင့် ဇမ်ဘီယာနိုင်ငံသို့ ‌‌ထောက်ပံ့ထား သည့် စုစုပေါင်းငွေကြေးပမာဏသည် ၂၀၂၂ သြဂုတ်လ ၃၁ ရက်နေ့မှစ၍ အမေရိကန်ဒေါ်လာ ၁.၅၅ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)