
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် မိုးညိုမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၂၂.၇.၂၀၂၅ ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင်မြို့မဈေးဦးခင်နိုင်ကုန်စုံဆိုင်အား ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ မြို့နယ်တာဝန်ခံ ဦးမောင်မောင်အေးနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါ သည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှု ရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့်အရည် အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှု များဖော်ဆောင်ဖြည့်ဆည်းပေး နိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)