ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ “‌ Training of  Trainer ” ခေါင်းစဉ်ဖြင့်  Thursday Talk ဆွေးနွေးဟောပြော

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ အပတ်စဉ် ကြာသပတေးနေ့တိုင်း Thursday Talk အစီအစဉ်ကို ကျင်းပလျက်ရှိရာ ၂၅.၇. ၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်ခင်ငုဝါအောင်သည် “Training of Trainer” ခေါင်းစဉ်ဖြင့် Online(Zoom Meeting)မှ အသိပညာပေး ဟောပြောဆွေး နွေးခဲ့ကြောင်း သတင်းရရှိပါသည်။

    Thursday Talk ဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီးဦးစီး မှူးမှ ဦးဆောင်၍ ကျင်းပလျက်ရှိရာ ၂၅.၇.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အလှည့်သို့ တစ်ဖန် ပြန်လည်ကျရောက်လာပါသည်။ ထိုကြောင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မူဝါဒဌာနခွဲမှ အငယ်တန်းစာရေး ဒေါ်ခင်ငုဝါအောင်သည် “Training of Trainer” ခေါင်းစဉ်ဖြင့် ဌာနမှဝန်ထမ်းများကို အစဉ်မပြတ် လေ့ကျင့်သင်ကြားပေးနေရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း LLL (Life Long Learning) ဖြစ်နေရန်လိုအပ်ကြောင်း၊ ထိုအခါမှသာ ဌာန၏ အကျိုး၊ ပြည်သူအများ၏ အကျိုးစီးပွားကို သယ်ပိုးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ ဌာန ခွဲတာဝန်ခံများကလည်း အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ပဲခူး)