အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း(ကြီး/ရေး)နှင့်ဝန်ထမ်းများ သည် ၂၀၂၅ ခုနှစ်၊ဇူလိုင်လ (၂၅‌) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ Orange ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ အလှကုန် ပစ္စည်းများတွင်  ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်း ရှိ/ မရှိ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရ သည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀) ဂရမ်အထက် အလှကုန်များနှင့် (၁၀)ဂရမ်အောက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုး အမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်တို့ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်းမရှိသော  အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ‌ အရေးယူခံ ရ မှာ ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)