
ကာတာအခြေစိုက် ကုမ္ပဏီနှစ်ခုဖြစ်သည့် Al Mansour Holding (AMH) နှင့် LCH Investment Group Co., Ltd. တို့မှ ကိုယ်စားလှယ်အဖွဲ့သည် လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ ၏ စိုက်ပျိုးရေးနှင့်ခရီးသွားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေလျက်ရှိ သည်။ Fahd Al Dosari ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အထက်လွှတ်တော် ဥက္ကဋ္ဌ Hun San အား ၂၂-၇-၂၀၂၅ ရက်နေ့က ဂါရဝပြုတွေ့ဆုံခဲ့ကြသည်။ အထက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ Chea Thyrith ၏ ပြောကြားချက်အရ Fahd Al Dosari ၏ ခရီးစဉ်သည် ကမ္ဘောဒီးယား၏ ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်း၊ အထူးသဖြင့် စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝတ်ကျေပွန်မှုတို့ကို ပိုမိုနားလည်လာစေရန်ဖြစ်ကြောင်း Hun San အား ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ဘေးကင်းမှု၊ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းသော ပတ်ဝန်းကျင်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်စေရန် အဓိကအချက်ဖြစ်ကြောင်း Fahd Al Dosari က အလေးပေးပြောကြားခဲ့သည်။ တုံ့ပြန်သည့် အနေဖြင့် Hun San သည် ကာတာကိုယ်စားလှယ်အဖွဲ့အား နွေးထွေးစွာကြိုဆိုခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ အလားအလာမြင့်မားသောကဏ္ဍများ အထူးသဖြင့် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် အားပေးတိုက်တွန်းခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံသည် ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချရန် ရည်ရွယ်သည့် စိုက်ပျိုးရေးထုတ်ကုန် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အထူးစိတ်ဝင်စားကြောင်း Fahd Al Dosari က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
Source: Khmer Times