
ကမ္ဘာဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီး Prak David နှင့် ယူနန်ပြည်နယ် အစိုးရအဖွဲ့၏ ဒုတိယအတွင်းရေးမှူး Wang Xiangang တို့ ကမ္ဘောဒီးယားနှင့် ယူနန်တို့အကြား စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် တိုးချဲ့ရန် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြသည်။ တွေ့ဆုံစဉ် David မှ ကိုယ်စားလှယ် အဖွဲ့အားကြိုဆိုခဲ့ပြီး ယူနန်ပြည်နယ်နှင့် ကမ္ဘောဒီးယား-တရုတ် စိုက်ပျိုးရေးကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများကို အလေးပေးပြောကြားခဲ့သည်။ လယ်ယာစီးပွားရေးနှင့် စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး အလားအလာများကိုလည်း အလေးပေးဆွေးနွေးခဲ့ကြောင်း David ကပြောကြားခဲ့သည်။ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)၊ နှစ်နိုင်ငံအကြား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) များ၊ နှစ်နိုင်ငံလုံး၏ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန်အတွက် အလားအလာရှိသော ကမ္ဘောဒီးယားလယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံနှင့်နိုင်ငံတကာဈေးကွက်များသို့ တင်ပို့ရောင်းချရာတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖွေရန် ယူနန်ကိုယ်စားလှယ်အဖွဲ့အား တောင်းဆိုချင်ကြောင်း David က ဆက်လက်ပြောကြားခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် Wang Xiangang က ကမ္ဘောဒီးယားနှင့်ယူနန်ပြည်နယ်ကြား စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့်တိုးချဲ့ရန် အာရုံစိုက်ထားကြောင်း၊ Prak David ၏ အဆိုပြုချက် များကိုအပြည့်အဝထောက်ခံပါကြောင်းနှင့် နှစ်ဖက်ကြားလယ်ယာကုန်သွယ်မှုကို ပိုမိုချဲ့ထွင်နိုင်စေရန် အထောက်အပံ့များ ပေးမည်ဖြစ်ကြောင်းပြောကြားသည်ဟု သိရှိရပါသည်။
DOCA(ရန်ကုန်)
Source: Khmer Times