မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅) ကျင်းပ

Powered by Drupal

    ၃၀..၂၀၂၅ ရက်နေ့ နေ့လယ် (၁၂း၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ (/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး နိုင်လယိတမနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

    ပထမဦးစွာ မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက အဖွင့်အမှာစကား ပြောကြားပြီးနောက် မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ အား ရှင်းလင်းဆွေးနွေးခဲ့ သည်။

    ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ယခု အစည်းအဝေးတွင် ဆုံးဖြတ်ရမည့် အချက်များ၊ အမှာစာများအား ဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ (၁၄း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)