မုဒုံမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်များအား ထောက်ပံ့ငွေပေးအပ်ပွဲသို့ မုဒုံမြို့နယ်တာဝန်ခံတက်ရောက်

Powered by Drupal

     ၂၈-၇-၂၀၂၅ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံး၊ တာဝန်ရှိ သူများမှ မုဒုံမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်များ အား ထောက်ပံ့ငွေပေးအပ်ပွဲကို မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကျိုက်ဇယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ တက်ရောက်ခဲ့သည်။

       ထောက်ပံ့ငွေများပေးအပ်ရာတွင် သိမ်ကုန်းရပ်ကွက်နှင့် စိန်တောင်ရပ်ကွက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်လူနေအိမ် (၃) လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ် (၃၈) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၅၀၀၀ဝိ/-) ကျပ်နှင့် လူဦးရေ (၁၇၇) ဦး တို့အတွက် ဆန်ရိက္ခာဖိုးငွေ (၈၈၅၀၀ဝိ/-) ကျပ်နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းတို့တွက် ကျောင်း ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀ဝိ/-) ကျပ်တို့အားလည်းကောင်း၊ ထုံမံကျေးရွာ၌ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့်လူနေအိမ် (၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀၀၀ဝိ/-) ကျပ်နှင့် လူဦးရေ (၁၃) ဦးတို့အတွက် (၇)ရက်စာ၊ ဆန်ရိက္ခာဖိုးငွေ (၆၅၀၀ဝိ/-)ကျပ်၊ ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၃)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၀၀၀၀ဝိ/-) ကျပ်နှင့် လူဦးရေ (၁၂) ဦးတို့အတွက် (၇)ရက်စာ၊ ဆန်ရိက္ခာဖိုးငွေ (၆၀၀၀ဝိ/-) တို့လည်းကောင်း၊ ကယ်ရေးပစ္စည်း (၁၆)မျိုးပါ၊ ပုံး (၆)ပုံး၊ စုစုပေါင်းထောက်ပံ့ငွေ (၃၇၆၀၀၀ဝိ/-) ကျပ်တိတိအား ဘေးသင့် ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)