မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ အသင့်စားခေါက်ဆွဲခြောက်နှင့် ကြာဇံ များတွင် ကုန်အညွှန်းအမှတ်အသားပါရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသောအသင့်စားခေါက်ဆွဲ/ ကြာဇံများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

    စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အသင့်စားခေါက်ဆွဲ/ ကြာဇံများအား ကုန်အညွှန်းအမှတ်အသားပါရှိစေရေးအတွက်စစ်ဆေးခဲ့ပြီး  စျေးကွက် အတွင်း သုံးစွဲသူများအသုံးပြုရန်(သို့မဟုတ်) သုံးစွဲရန်အာမခံချက်မရှိသောကုန်စည်များအား ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)