KSမုန့်ဖိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ ကိတ်မုန့်၊ ပေါင်မုန့် စသည့်မုန့် မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် KS မုန့်ဖိုသို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ရာ KS မုန့်ဖို၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်များတွင်ဖော်ပြထားသော အချက် အလက်များသည် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များပြည့်စုံမှုမရှိကြောင်း စစ်ဆေး တွေ့ရှိရ၍ ထုတ်လုပ်သည့်လုပ်ငန်းရှင်အား အသင့်စားမုန့်များဖြစ်သည့် ကိတ်မုန့်၊ ပေါင်မုန့်စသည့် မုန့်များထုတ်လုပ်ရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များအား ထည့်သွင်းဖော်ပြရန်နှင့် ပြန်လည်ပြင်ဆင် ဖြည့်စွက်ပြီးသော ကုန်အညွှန်းအမှတ်အသားဖော်ပြ ချက်များအား စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသို့ အမြန်ဆုံးပြန်လည်တင်ပြသွားရန် အသိပညာပေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)