မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်ရှိ Gasifier အသုံးပြု လည်ပတ်လျက်ရှိသောဆန်စက်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်ရှိ Gasifierအသုံးပြု လည်ပတ်လျက်ရှိသောဆန်စက်များသို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်များနှင့် တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမူအခြေအနေများ၊ ဆန်စပါးကြိတ်ခွဲမူအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မူအဆင့်ဆင့်ကို ကြည့်ရှု့ခဲ့ပြီးနောက် ဆန်စက်များမှ ရေဆိုးရေညစ်များ စနစ်တကျသန့်စင်ထုတ်စေရေးအတွက် ရေစစ်ကန်များအားသတ်မှတ်ချက်များနှင့် အညီအသုံးပြုမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီးSMEလုပ်ငန်းဖွံ့ဖြိုးမှု့အတွက် ထုတ်လုပ်လျက်ရှိသော ဆန်စက်မှကြိတ်ခွဲထွက်ရှိလာသော ဆန်များကိုထုပ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေး၊ ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် အရည်အသွေးမီသော ဆန်များရရှိရေးအတွက် စက်ရုံ၊အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျ သိုလှောင်ထားရှိရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)