ကျိုက်လတ်မြို့ ၊ လှည်းဆိပ်ကျေးရွာရှိ “ဦးဇော်မျိုး” မုန့်ဖတ်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၂) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ ၊ လှည်းဆိပ်ကျေးရွာရှိ “ဦးဇော်မျိုး” မုန့်ဖတ်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခဲ့ကြ ပါသည်။

    ထိုသို့ကွင်းဆင်းစိစစ်ရာတွင် မုန့်ဖတ်များကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် တာရှည်ခံစေသည့် ဖော်မလင်များ အသုံးမပြုရန် အသိပေး တိုက်တွန်းခဲ့ပြီး MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ငွေကြေးရင်းနှီးမြှုပ်နှံထားရှိမှု၊ လုပ်သား အင်အား အသုံးပြုမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေများ ၊ ကုန်စည်အပေါ် အကျိုးအမြတ်ရရှိမှု အခြေအနေများ အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးမှု၊ ကုန်စည်အပေါ်တာဝန်ရှိမှု၊ ပြစ်မှုပြစ်ဒဏ်များ ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)