ဘိုကလေးမြို့နယ် အတွင်းရှိ “ချောစုမ” ခေါက်ဆွဲဖိုလုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ ရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

     ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့မ (၆) ရပ်ကွက်ရှိ ဦးဖိုးထူးပိုင် ချောစုမ ခေါက်ဆွဲဖို လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းစိစစ်ရာတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းမှာ ဆန်ကြမ်းဖြစ်ပြီး တစ်နေ့လျှင် ဆန်ကြမ်းအိတ် (၂) အိတ် အသုံးပြုရပြီး  ထွက်ရှိသော မုန့်ပိဿာချိန်မှာ (၁၅၀) ပိဿာ ထုတ်လုပ်လျက်ရှိပါသည်။ မုန့်တစ်ပိဿာလျှင် လက်လီ/လက်ကားဈေး (၂၆၀၀-၂၄၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပြီး မိသားစုဝင် (၄) ဦးဖြင့် တပိုင်တနိုင် လုပ်ကိုင်ဆောင်ရွက် လျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် ဒေသအတွင်း၌သာ ရောင်းချပေးလျက်ရှိပါသည်။ မြို့နယ် တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် ဖော်မလင် ဓာတုဆေးဝါး သုံးစွဲမှုမရှိစေရေးနှင့် အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် လုပ်ငန်းရှင်များ ကြုံတွေ့ရသည့် အခက်အခဲများကို မေးမြန်းခဲ့ပြီး ကွင်းဆင်း စိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)