
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၂.၇.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံခြုံစိတ်ချရမှုဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေး ဥပဒေ ပါ ပုဒ်မ ၂၈ တွင် ဖော်ပြထားသော စားသုံးသူများ အသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု များ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လိုအပ်သော အစီအမံများပြုလုပ်ခြင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုန်စည်များထုတ်လုပ် ခြင်းအပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ခြင်း၊ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ် ပြန်ခြင်း၊ ဘေးအန္တရာယ်ရှိသည့် အချက်အလက်များကို အများပြည်သူ သိရှိစေရန် အသိပေးကြေငြာ ခြင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်သည့် မြန်မာနိုင်ငံ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်ရေး ကြီးကြပ်ခြင်း စသည့်တို့ကို ကော်မရှင်၏ သဘောတူညီချက်နှင့်အညီ ဦးစားပေး ကဏ္ဍများ သတ်မှတ်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်မှ သာ စားသုံးသူများအတွက် လုံခြုံစိတ်ချရသော၊ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ရရှိမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA (ဧရာဝတီ)