
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ယ်အတွင်းရှိ Gasifire အသုံးပြုသည့် ဆန်စက်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ဆန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ အရည်အသွေးပြည့်မီစေရေး အလေးချိန်အချိန်အတွယ် ပြည့်မီစေရေး၊ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှု ရှိ/ မရှိ၊ ဆန်စက်မှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်မှုရှိစေရေး၊ စပါးခွံ ဂိုဒေါင်များ တည်ဆောက်ထားရှိမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)