Hla Mon Trading Co.,Ltd ၏ ဆန် သိုလှောင်ထားရှိမှုနှင့် ဆန်ကွဲအရည်အသွေး သိုလှောင်မှုများကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မိုင်(၃၀) ရန်ကုန်-ပုသိမ်လမ်း၊ ဆားမလောက် ဦးလှဦး၏ ကုမ္ပဏီလီမီတက် မှ ဆန်နှင့် ဆန်ကွဲများ ၊Myanmar White Rice Thee Pu 15% Broken (WMDPS) 600 MT  အရည်အသွေးကောင်မွန်စွာ သိုလှောင်ထားရှိမှုကို ၂၃-၇-၂၀၂၅ ရက်နေ.နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

   အဖွဲ့စုံပါဝင်သော စစ်ဆေးရေးအဖွဲ့မှ ဦးလှဦးကုမ္ပဏီလီမီတက်၏ ဆန်နှင့် ဆန်ကွဲအရည်အသွေး ကိုစစ် ဆေးခြင်း၊ သိုလှောင်ထားရှုမှုပိုင်ပုံများကို ကြည်ရှုစစ်ဆေးခြင်း၊ ဆန်နဲ့ဆန်ထွက်ပစ္စည်းတွေကို ကျွမ်းကျင်အဖွဲ့မှ သတ်မှတ်ထား တဲ့ အရည်အသွေးနဲ့ အလေးချိန် ကိုက်ညီမှု ရှိမှ ပြည်ပတင်ပို့အရည်အသွေး ပြည်မှီမည်ဖြစ်ကြောင်း စစ်ဆေး ခြင်း၊ ဆန်နဲ့ဆန်ထွက်ပစ္စည်းတွေရဲ့ အလေးချိန်နဲ့ အရည်အသွေးကိုက်ညီမှု ရှိ၊မရှိနှင့် အရည်အသွေးထိန်းသိမ်းခြင်း လုပ်ငန်းစဉ်တွေ ပြည့်စုံစွာဆောင်ရွက်ထားမှု ရှိ၊မရှိတို့ကို စစ်ဆေးမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ စစ်ဆေးချက်တွေ ရရှိပြီးမှသာ ပြည်ပတင်ပို့မှုကို ဆက်လက်ဆောင်ရွက်ခွင့် ရှိမည်ဖြစ်၍ အဖွဲစုံဖြင့် ကြည့်ရှု စစ်ဆေးခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီမှ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ နှစ်စဉ်ပုံမှန်စိစစ် မှတ်ပုံတင်ခြင်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း တွေ့ရှိရပြီး စစ်ဆေးရာတွင်   MITS, MRF, DOCA & DOTအဖွဲ့ များ ပါဝင်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)