တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး e-Government ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

Powered by Drupal

      တိုင်းဒေသကြီးe-Government ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ()တွင် ဇူလိုင် ၂၂ နေ့၊့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး e -Government ဦးဆောင်ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

     ဦးစွာတိုင်းဒေသကြီး e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကတိုင်းဒေသကြီး e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပေးရန် ဖြစ်ပါကြောင်း၊ e-Government ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာသတင်းအချက်အလက်များ ကျိုးပေါက်မှုမရှိစေရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား တိကျစွာလိုက်နာဆောင်ရွက်သွားရန်လိုပါကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား e-Government အထောက်အကူပြု သင်တန်းများဖွင့်လှစ်ခဲ့ရာ ဆက်လက်ဖွင့်လှစ်သွားရန်လိုအပ်ပါကြောင်း၊ အများပြည်သူများ အွန်လိုင်းမှကြည့်ရှု ကွညျညိုသဒ်ဒါပှားနိုငျစရေနျနှင့ျ လေ့လာနိုင်ရန်အတွက် Pagoda Digital Directory Web Portal တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းတန်ခိုးကြီးဘုရားများ၏ သမိုင်းဆိုင်ရာ အချက်အလက်များကို လွှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အချက်အလက်များ မှန်ကန်ပြည့်စုံစေရေးနှင့် ခိုင်မာမှုရှိစေရေးဆောင်ရွက်ရန်လိုပါကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် မိမိတို့ ကော်မတီများအလိုက် ဆောင်ရွက်မှုများအား တင်ပြဆွေးနွေးပေးရန် အမှာစကားပြောကြား ခဲ့သည်။

    ဆက်လက်၍ တိုင်းဒေသကြီး e-Government လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီဖွဲစည်းထားရှိမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ပုသိမ်နည်းပညာတက္ကသိုလ်၊ ပုသိမ်ကွန်ပျူတာတက္ကသိုလ်၊ တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတို့မှ တာဝန်ရှိသူများက အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ e-Government ဆိုင်ရာ အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးနိုင်မှုအခြေအနေ၊ e-Government ဆိုင်ရာ  အခြေခံအဆောက်အဦ၊ စနစ်၊ ပုံစံနှင့် ဒီဇိုင်းစစ်တမ်းကောက်ယူမည့်အစီအစဉ်များ၊ သတင်းအချက်အလက် ပေါက်ကြားမှုဖြစ်စဉ်များမှ ကာကွယ်ရန်အတွက် အကြံပြုချက်များနှင့် ကာကွယ်ရန်နည်းလမ်းများ ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် အစည်းအဝေးသို့တက်ရောက် လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက် များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

DOCA(ဧရာဝတီ)