
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် Talk Show အစီအစဉ်အား ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်း Talk Show အစီအစဉ်တွင် စားသုံးသူရေးရာ ဦးစီးဌာနသည် စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အကာကွယ်ပေးလျက်ရှိကြောင်း၊ အကာကွယ်ပေးမှုများအား အကျယ်တဝင့်ပြောကြားခြင်း၊ အသိပညာပေး ဆောင်ရွက်မှုဆိုင်ရာ ဟောပြောပွဲများဆောင်ရွက်ခြင်းနှင့် အများပြည်သူ သုံးစွဲမူများသော Social media များ၌လည်း အသိပညာပေး ဖော်ပြလျက်ရှိကြောင်း ပြောကြားခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
DOCA(ဧရာဝတီ)