ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန နေပြည်တော်ရုံးချုပ်မှ ပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတက်ရောက်ခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ ပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှ တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် (၁၆.၇.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် Zoom Meeting ဖြင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဟောပြောရာတွင် ညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်အမှာစကားပြောကြားပြီး Online shop လုပ်ငန်းနှင့်ပတ်သက်၍ဆောင်ရွက်ကြရန် အသေးစိတ်ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများကိုလည်း အလုပ်နှင့်ပတ်သက်၍ အင်တိုက်အားတိုက်ကြိုးစားအားထုတ်ကြရန်လည်း ပြောကြားခဲ့ပါသည်။  ပြည်နယ်နှင့် တိုင်းများကိုလည်း မိမိတို့လိုအပ်ချက်များကို တင်ပြနိုင်ရန် အလှည့်ကြပြောကြားစေခဲ့ပြီး စီမံဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် ဒု-ညွှန်ကြားရေးမှူးချုပ်တို့ကလည်း လုပ်ငန်းလိုအပ်သည်များကို အသေးစိတ်ဆွေးနွေးကာ ပြည်နယ်နှင့် တိုင်းများရှိ ဝန်ထမ်းများကလည်း မိမိတို့၏လုပ်ဆောင်ချက်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြလျက်  နေပြည်တော်ရုံးချုပ်မှပြုလုပ်သော ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို နံနက် (၁၁:၄၀) နာရှိအချိန်တွင်  ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)