ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ရောင်းချနေသော မုန့်ဟင်းခါးဖိုများအား သန့်ရှင်းခြင်း၊ တာရှည်ခံဆေးများသုံးစွဲခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ငပုတောမြို့နယ် မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၈.၇.၂၀၂၅) ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ငပုတောမြို့န်တွင် ရောင်းချနေသော မုန့်ဟင်းခါးဖိုများအား သန့်ရှင်းခြင်း၊ တာရှည်ခံဆေးများသုံးစွဲခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငပုတောမြို့နယ်တွင်ရောင်းချနေသော မုန့်ဟင်းခါးဖိုများ အားတာရှည်ခံဆေးများသုံးစွဲခြင်း၊ သန့်ရှင်းခြင်းရှိ/ မရှိ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအသောက်များ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် သန့်ရှင်းသပ်ရပ်သော စားသောက်ကုန်များကိုသာဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)