စစ်ကိုင်းမြို့၊ နီလာစက်မှုဇုန်ရှိ နိုင်းစတား ဂျုံခေါက်ဆွဲစက်ရုံသို့ ကွင်းဆင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ခရိုင်ကျန်းမာရေး ဦးစီးဌာန၊  စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁  ရက်နေ့ နေ့လည် ၁၄း၀၀ နာရီ အချိန်တွင် စစ်ကိုင်းမြို့၊  နီလာစက်မှုဇုန်ရှိ  နိုင်းစတား ဂျုံခေါက်ဆွဲခြောက်စက်ရုံသို့ ကွင်းဆင်း၍ ပိုင်ရှင်ဒေါ်ဌေးဌေးဝင်းနှင့် တွေ့ဆုံပြီး  ဂျုံခေါက်ဆွဲ ထုတ်လုပ်၊ ရောင်းဝယ်မှုအခြေအနေများ၊ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ရာ လုပ်ငန်းလည်ပတ်ရင်းနှီးငွေ သိန်း(၂၀၀၀) ကျပ်၊ လုပ်သားအင်အား ကျား (၂၀) ဦး၊ မ (၆၀) ဦးဖြင့် လုပ်ကိုင်ဆောင်ရွက်ကြောင်း၊လုပ်အားခအနေဖြင့် ကျားတစ်ဦးလျှင် (၁၅၀၀ဝိ/- မှ ၁၈၀၀ဝိ/-)၊ မ တစ်ဦးလျှင် (၁၀၀၀ဝိ/-) ဖြင့် နေ့ချင်း ပေးချေကြောင်း၊  ကုန်ကြမ်း ဂျုံများ ဖြစ်သော ဒုံးပျံနှင့် OK အမှတ်တံဆိပ်များအား ရန်ကုန်မြို့မှ တိုက်ရိုက် ဝယ်ယူသုံးစွဲ ကြောင်း၊ ဂျုံ (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် (၁၉၀၀၀ဝိ/-) ဖြင့် ဝယ်ယူရကြောင်း၊ တစ်ရက်လျှင် ဂျုံ (၅၀) ကီလိုဂရမ်အိတ် (၅၀) အိတ်အသုံးပြု ထုတ်လုပ်လျှင် ဂျုံခေါက်ဆွဲ (၁၇၅၀၀) ပိဿာ ထွက်ရှိကြောင်း၊ ဈေးနှုန်းများမှာ (၈၀၀) ဂရမ် (၄၆၀ဝိ/-)၊  (၇၅၀) ဂရမ် (၄၃၀ဝိ/-)၊ (၄၀၀) ဂရမ် (၂၃၅ဝိ/-)ဖြင့်  ရောင်းချကြောင်း၊ လက်ရှိတွင် ရန်ကုန်၊ တောင်ကြီး၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ရမည်းသင်း၊ သာစည်၊ မလှိုင် နှင့် နေပြည်တော်သို့ တင်ပို့ ရောင်းချကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)