ပခုက္ကူခရိုင်အတွင်း MyRO တွင် မှတ်ပုံတင်ထားသောဆန်သိုလှောင်ရုံများအား သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆန်သိုလှောင်ရုံ များအား မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ()ရက်နေ့မှစတင်၍ ဆောင်ရွက်လျက် ရှိရာ ဆန်(၂၅)တန်နှင့်အထက်၊ စပါး(၂၅၀၀)တင်း နှင့်အထက် သိုလှောင်ရောင်းချသည့် ဆန်စပါး သိုလှောင်ရုံများကို MyRO တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ပခုက္ကူခရိုင် အနေဖြင့် ဆန်သိုလှောင်ရုံ စုစုပေါင်း (၄၆)လုံး မှတ်ပုံတင် ထားရှိပြီးဖြစ်ပါသည်။

    ပခုက္ကူခရိုင်အနေဖြင့် ယခုအခါ မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးဖြစ်သည့် ဆန်သိုလှောင်ရုံများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ မှစတင်၍ မှတ်ပုံတင်သက်တမ်းတိုးခြင်းကို စတင် ဆောင်ရွက်လျက်ရှိပါသည်။ MyRO Website ဖြစ်သော www.myro.com.mm တွင် ဆန်သိုလှောင်ရုံ ပိုင်ရှင်များသည် ၎င်းတို့၏ ကိုယ်ပိုင်အကောင့်များဖြင့် သက်တမ်းတိုးဆောင်ရွက်ခြင်းရှိသကဲ့သို့ နည်းပညာအခက်အခဲရှိသော ဆန်လုပ်ငန်းရှင်များသည် ပခုက္ကူခရိုင်ဦးစီးမှူးရုံးသို့ လာရောက်၍ သက်တမ်းတိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းကြောင့် MyRO Website အသုံးပြုနည်းများကို ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပခုက္ကူခရိုင်အတွင်း (၁၀..၂၀၂၅)ရက်နေ့မှ (၂၈..၂၀၂၅) ရက်နေ့ ထိ သိုလှောင်ရုံ(၃၀)လုံးအား မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ပြီးဖြစ်ပါသည်။ ဆက်လက်၍ သက်တမ်းတိုးရန် ကျန်ရှိ သည့် ဆန်သိုလှောင်ရုံများအား MyRO တွင် မှတ်ပုံတင်သက်တမ်းတိုးရန် အသိပေးအကြောင်း ကြားထားပြီးဖြစ်၍ သိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းအပြင် သက်တမ်း တိုးခြင်း လုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)