
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ၊ ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ပဲနီ(၁)တင်းလျှင် (၉၉၀၀၀)ကျပ်၊ အကွဲအနာပါ (၁)တင်းလျှင် (၉၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၂၅၀၀)ကျပ်၊ အညံ့(၁)တင်းလျှင် (၁၂၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲနှင့် ပဲနီသီးနှံဈေးနှုန်းများ မြင့်တက်လာကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)