
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက်၌ ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော နယ်ခြားရွာ၊ အနိမ့်ရွာ၊ သာပေါင်းရွာ၊ ကံဆင့်ရွာ၊ တလုပ်ရွာ၊ တောပုရွာ၊ နနွင်းတော်ဘိုးရွာ၊ ကံရွာ၊ တူရွင်းဘိုးရွာ၊ ကျားတိုင်းရွာနှင့် သင်ပြွန်းရွာတို့တွင် ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို အဓိကစိုက်ပျိုးကြောင်း၊ မြင်းခြံဈေးကွက်၌ ဆောင်းကြက်သွန်နီသည် ဆက်လက် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန် (၂၅၀၀၀) ပိဿာခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။
၂၀၂၆ခုနှစ်၊ အောက်တိုဘာလပထမပတ်တွင် မြင်းခြံကုန်စည်ဒိုင်၌ အရောင်းအဝယ် ဖြစ်နေသော ကြက်သွန်နီ ဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် (၈၃၀၀-၇၅၀၀)ကျပ်၊ အလတ်စ (၆၅၀၀-၇၀၀၀) ကျပ်၊ အသေးစ (၅၅၀၀-၆၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ကြက်သွန်နီကြီးစတစ်ပိဿာလျှင် (၁၅၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင် အသေးစတစ်ပိဿာလျှင် (၁၀၀၀) ကျပ်၊ အသေးစ တစ်ပိဿာလျှင် (၈၀၀)ကျပ်ခန့် ဈေးနှုန်းများဖြင့် အသီးသီးမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီးနှင့် မော်လမြိုင် မြို့များသို့ နေ့စဉ်တင်ပို့ကြောင်း၊ တစ်အိတ်လျှင် ကုန်ချိန်ပိဿာဝင် (၃၀) အိတ်များဖြင့် တင်ပို့လျှက်ရှိပြီး၊ နေ့စဉ်ကုန်ချိန် (၂၀၀၀၀၀) ပိဿာခန့် တင်ပို့ကြောင်း၊ ဆောင်းကြက်သွန်နီသီးနှံသည် သိုလှောင်ရာတွင် တာရှည်ခံသလို စားသုံးရာတွင် နူးညံ့သောကြောင့် ဈေးကွက်၌ဝယ်လက်များကြောင်း၊ ဒေသတွင်းကြက်သွန်နီလက်ကျန်နည်းလာပြီး ပွဲရုံများသို့ ကုန်အဝင်နည်းလာပြီး ဈေးကွက်တွင်ဝယ်လက်စုံသောကြောင့် ဈေးနှုန်း ဆက်တိုက်မြင့်တက် လာခြင်းဖြစ်ကြောင်း၊ မြင်းခြံကုန်စည်ဒိုင်ရှိ ကြက်သွန်ကုန်သည် များထံမှ သိရှိရသည်။
DOCA(မန္တလေး)
