
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များရောင်းချသော ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အခြေခံစားသောက်ကုန်များဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ခြောက်၊ အာလူး၊ စားအုန်းဆီ အစရှိသော အခြေခံစားသောက်ကုန်များအား ဈေးနှုန်းကြီးမြင့်မှုရှိ/ မရှိ၊ ဈေးကွက်ဈေးနှုန်း အခြေအနေများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)