တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် (Golden Upstart Coltd) ဆီရောင်းချသော လုပ်ငန်းရှင် များအားစားသုံးသူကာကွယ်ရေးရေးအသိပညာပေးဟောပြောဆောင်ရွက်

Powered by Drupal

           တိုင်းဦးစီးမှူးရုံးတွင်(GoldenUpstartColtd)စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်များအား ဆီဈေးနှုန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရန်ဟောပြောခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏ အကျိုးစီးပွားကာကွယ်ရေး  ဆောင်ရွက်ချက်များအား တိုင်းဒေသကြီးဦးစီးမှူး ၊ညွှန်ကြားရေးမှူး ဦးဝင်းထွန်းမှ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်များအား စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း အသိပညာပေး ဆောင်ရွက်လျက်ရှိရာ(၁၆.၇.၂၀၂၅)ရက်နေ့ဆီရောင်းချ သောလုပ်ငန်းရှင် များအားအသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေကိုပြဌာန်းဆောင်ရွက်ခဲ့မှုအကြောင်း၊ စားသုံးသူကာကွယ်ရေး၏ အဓ္ဓီပါယ်၊စားသုံးသူပြည်သူများ ရပိုင်းခွင့်ရှိသောစားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူ၏ တာဝန်များအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များဈေးကွက်စောင့်ကြည့်၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် ဆီဈေးနှုန်းများကို ဈေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရေး အထူးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)