
ရှမ်းပြည်နယ်အစိုးရမှ ကြီးမှူးကျင်းပသော မြို့လုံးကျွတ်ဝါတွင်းကာလ အာရုံဆွမ်း စုပေါင်းလောင်းလှူပူဇော်ပွဲကို (၃၁-၇-၂၀၂၅)ရက်နေ့၊ နံနက်(၀၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်း၊ ကမ္ဘောဇဓမ္မာရုံအရှေ့၌ ကျင်းပခဲ့ပါသည်။ အဆိုပါ မြို့လုံးကျွတ်ဝါတွင်းကာလ အရုဏ်ဆွမ်းစုပေါင်းလောင်းလှူပူဇော်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးရာ ဝန်ကြီးမှဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ စုပေါင်းလောင်းလှူခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများမှ သံဃာတော် အပါး(၁၀၀၀)အတွက် ကြက်သားဆီချက်ခေါက်ဆွဲများကို လောင်းလှူ၍ လှူဒါန်းပူဇော်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရှမ်း)