
ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday talk အခမ်းအနားကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်ဦးစီးမှူးရုံးများမှ Online ဖြင့်တက်ရောက်သူ (၂၈) ဦး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊အမှုထမ်း ( ၅၀) ဦး ၊ စုစုပေါင်း (၇၈) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဇင်မာဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဌာနခွဲနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ထုတ်ဝေခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေစာအုပ် မှအခန်း(၂၅) ခန်းရှိသည့်အနက် အခန်း(၁) အမည်၊ စတင်အာဏာခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက် အကြောင်းကို ပါဝါပွိုင့်ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေး၍ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း၍ ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)