ရွှေဘိုခရိုင်၏ (၇/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

     ရွှေဘိုခရိုင်အနေဖြင့်(၇/၂၀၂၅)လအတွင်း ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ဈေးကွက်ရောက်ပြီးကုန်စည်များ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေယမင်းကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ မေခကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်နှင့် အမှတ်(၁၀)ရပ်ကွက်ရှိ အေးမေတ္တာဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား လည်းကောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့ အမှတ်()ရပ်ကွက်ရှိ သန့်စင်အမှတ်တံဆိပ် ဆိတ်သားမွကြော်နှင့် ဆိတ်သားခြောက်ဖုတ် ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး အမှတ်()ရပ်ကွက်ရှိ ဟိုးဟိုးကျော် စားသောက်ဆိုင်နှင့် အမှတ်()ရပ်ကွက်ရှိ ရွှေပါရမီစားသောက်ဆိုင်များအား မိတ်ဘက်ဌာနများနှင့် ပူးပေါင်း၍ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကာ ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းအရာ များကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)