မိတ္ထီလာမြို့ရှိ ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ခရိုင်ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင်  ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆန်ဈေးနှုန်းမြှင့်တက်စေမှုမရှိစေရေးအတွက် မိတ္ထီလာမြို့ရှိ ဦးစိုးစိုးဆန်ဆိုင်၊ ကြည်ကြည်ဆန်ဆိုင်နှင့် အောင်သုခ ဆန်ဆိုင်များ  သို့သက်ဆိုင်ရာ မြို့နယ်ကုန် ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များ၌ ဒေသတွင်းမှ ထွက်ရှိသော မနောသုခ၊ ဧရာပဒေသာဆန်များအပြင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်များအား ရောင်းချလျက်ရှိ ကြောင်း ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိပြီး လုပ်ငန်းရှင် များအား ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိ ပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)