မိတ္ထီလာမြို့နယ်တွင် ကျေးဇူးရှင်ဆီဆိုင် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် ပြည်သူများအား စားသုံးဆီလက်ဝယ်အရောက် စနစ်တကျရောင်းချ ခြင်းရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စာအုပ်စနစ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး၊ အများမြင်သာနေရာတွင် ဗွီနိုင်းများချိတ်ဆွဲ၍ ရောင်းချရန်၊ အလေးချိန်နှင့် အချင်အတွယ်များ မှန်ကန် စွာရောင်းချစေရေး၊ စာအုပ်များတွင် ဆီထုတ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ လိုက်နာဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

DOCA(မန္တလေး)