သာစည်မြို့နယ်တွင် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်

Powered by Drupal

        ၂၉-၇-၂၀၂၅ ရက်နေ့တွင် သာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ၊မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဆရာ/ဆရာမများ  စုပေါင်းအင်အား ၉၅ ဦးတက်ရောက်ခဲ့ကြောင်း၊ မြို့နယ်ပညာရေးမှူး မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိက မဲပေး စက်ကိုင်တွယ်အသုံးပြုနည်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ မြန်မာအီလက် ထရောနစ် မဲပေးစနစ်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များမှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ မဲပေး စက်အကြောင်း လက်တွေ့သရုပ်ပြရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိပါသည်။

DOCA(မန္တလေး)